အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများအတွက် အာဆီယံအပေါင်းသုံးနိုင်ငံအစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများအတွက် အာဆီယံအပေါင်းသုံးနိုင်ငံအစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ ပေးအပ်ပွဲကျင်းပ

 



MNP - ဒီဇင်ဘာ   ၁


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ပြည်သူများအတွက် အာဆီယံပေါင်းသုံးနိုင်ငံ၏ APTERR Tier 3 အစီ အစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းဇော်က ဆန်ထောက်ပံ့ပေး အပ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူ (၁၇၃) ဦးအား APTERR Tier 3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်များကို ထောက်ပံပေးအပ်လှူဒါန်းခဲ့ကြသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ ရောဂါကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)