သံတွဲမြို့၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ လူငယ်စကားဝိုင်းကျင်းပ






MNP ၊  ဒီဇင်ဘာ ၆

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူး၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါအဆောက်အဦ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဌ ဦးထွန်းသန့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။ ထို့နောက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဦးမျိုးဝင်းက ကျောင်းသား၊ကျောင်းသူ လေးများအား အားကစားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက(၁)၊ အထက(၂)၊ အထက(ကင်းမော်)၊ အထက(ခွဲ)မြို့မ၊ အထက(ခွဲ) ငကျော်တောင် ၊ အထက(ဆင်ခေါင်း)၊ အထက(ရွှေလှေ) ၊ အထက(ခွဲ)မဲနယ်ကွင်း ကျောင်းများမှ ကျောင်းသား၊သူ (၈)ဦးတို့အား  အထက(၂)မှ အထက်တန်းပြဆရာမ ‌ဒေါ်သူသူစိုး က ဦးဆောင်၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်အောက်မှ လူငယ်နှင့်အားကစားအမျိုးအစားများ၊ အားကစားစိတ်ဓာတ်၊ အားကစားနှင့်အနာဂတ်၊ အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းကို လူငယ်များအသိပညာအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများ ရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သညလူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက်ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်ပြီး နွေရာသီ ကျောင်းပိတ် ရက်များတွင်လဲ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများအတွက်အကျိုးပြုသင်တန်းများကို ဆက်လက ်ဖွင့်လှစ် ပေးသွားမည်ဖြစကြောင်းသိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)