ကမာရွတ်မြို့နယ် လှည်းတန်းစင်တာ၌ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ် လှည်းတန်းစင်တာ၌ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ




MNP - ဒီဇင်ဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လှည်းတန်းစင်တာတွင် စာအုပ်ပေါင်းကူးမှစီစဉ်သည့် ဒီဇင်ဘာလ အထူးစာအုပ်ဈေးရောင်းပွဲတော်ကို ( ၁၂-၁၂-၂၀၂၂) မှ(၁၈-၁၂-၂၀၂၂) ရက်နေ့အထိ (၇)ရက်တိုင်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။


စာအုပ်ချစ်သူများအား စာအုပ်ဟောင်း၊စာအုပ်ကောင်းများကို ဈေးနှုန်းသက်သက်သာသာဖြင့် လာရောက်ဝယ်ယူနိုင်စေရန်နှင့် ကလေး၊ လူငယ်များအတွက်လည်း ဗဟုသုတရရှိစေမည့် စာအုပ်များကို အလွယ်တကူဝယ်ယူဖတ်ရှနိုင်စေရန်အတွက် ဖြစ်ပါသည်။


အဆိုပါဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၀) ခန်းမှစာအုပ်စာစောင်များကို ပြည်သူများ အသိပညာဗဟု သုတရစေဖို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)