သထုံမြို့၊ သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီး ရာပြည့်ပူဇော်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၊ သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီး ရာပြည့်ပူဇော်ပွဲအခမ်းအနား ကျင်းပ








MNP ၊  ဒီဇင်ဘာ   ၄

မွန်ပြည်နယ်၊ သထုံမြို့၌ ပိဋကတ္တရပါဂူဘွဲ့ စာမေးပွဲများကို နှစ်စဉ်ဦးဆောင်ကျင်းပပေးမြဲဖြစ်သည့် သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီးတည်ထောင်ခဲ့သည့် နှစ်ပေါင်း တစ်ရာပြည့် ပူဇော်ပွဲအခမ်းအနားကို ယနေ့၊ နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ ပရိယတ္တိသာသနဟိတအသင်းကြီး ဘွဲ့နှင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။


ပူဇော်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ကြပြီး သထုံမြို့၊ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပိဋကတ္တယပါရဂူ၊ သာသနာ့ဓဇ သိရိပဝရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉာဏောသူရိယာဘိဝံသနှင့် ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ပိဋက္ကတ္တရပါရဂူ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသတို့ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ဩဝါဒခံယူကြသည်။


ဆက်လက်၍ သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်က ရာပြည့်ပူဇော်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ဌာနဆိုင်ရာများ၊ သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းမှ တာဝန်ရှိသူများတို့က ဆရာတော်များထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်း ရာပြည့်ပူဇော်ပွဲအထိမ်းအမှတ်အဖြစ် တိပိဋကာလင်္ကာရ ပရိယတ္တိဆေက ဓမ္မာဓိပတိ ဘွဲ့တံဆိပ်‌တော်နှင့် အလံတော်တို့ကို သထုံမြို့၊ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်နှင့် ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်တို့အားလည်းကောင်း ပဉ္စနိကာယဏ္ဏဝ ပိဋကတ္တရပါရဂူ ဘွဲ့တံဆိပ် တော်နှင့် အလံတော်တို့ကို အနယ်နယ်အရပ်ရပ်မှ ဆရာတော် ၁၉ ပါး၊ သီလရှင်ဆရာကြီး ၁ ပါးနှင့် လူပုဂ္ဂိုလ် နှစ်ဦးတို့အားလည်းကောင်း  အသင်းကြီး၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆက်ကပ်ပေးခဲ့ကြသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားများနာယူကြကာ ကြွရောက်တော်မူလာကြသည့် သံဃာတော်အပေါင်းတို့အား လှူဖွယ်များ လောင်းလှူပူဇော်ခဲ့ကြသည်။


သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီးကို ၁၉၂၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ပိဋကတ်သုံးပုံ အစုံစုံကို ဖြေဆိုရသည့်သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကြီးကို စတင်တည်ထောင်သည့်နှစ်မှစ၍ ကျင်းပလာခဲ့ရာ ကြားကာလ၌ အကြောင်းကြောင်းတို့ကြောင့် ၅ ကြိမ်ခန့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ နှစ်တစ်ရာပြည့်မြောက်သည်အထိ စာမေးပွဲ စုစုပေါင်း (၉၅)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပိဋကတ္တရပါရဂူဘွဲ့ရ သံဃာတော် ၇၉ ပါး၊ သီလရှင် ၄ ပါးတို့‌ပေါ်ထွန်းခဲ့ကာ အဆင့်အတန်းအသီးသီးအလိုက် အောင်မြင်ကြသည့် ပုဂ္ဂိုလ်အမြောက်အမြားလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)