ကော်ဖီနည်းပညာဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော်ဖီနည်းပညာဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

 



MNP - ဒီဇင်ဘာ  ၆


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မြန်မာ-ခါနန်တောင်သူလယ်သမားသင်တန်းကျောင်း တွင်မဲခေါင်-လန်ချန်း အထောက်အပံ့ဖြင့် ဖွင့်လှစ်သည့် ကော်ဖီနည်းပညာဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ နည်းပြ ဆရာ၊ ဆရာမများ ခြံတာဝန်ခံများလည်း တက်ရောက်ခဲ့ကြပြီး အမှာစကားပြောကြားကာ သင်တန်းသားများအား ကော်ဖီမျိုးစေ့၊ ကိုင်းဖြတ်ကတ်ကြေးနှင့် ကော်ဖီသီးနှံဆိုင်ရာ စာအုပ်များပေးအပ်ခဲ့သည်။


အဆိုပါ ကော်ဖီနည်းပညာဆိုင်ရာ ပညာပေးသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အသီးသီးမှ သင်တန်းသား ၂၂ ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရပြီး ကော်ဖီအကြောင်းသိကောင်းစရာ၊ ကော်ဖီ ပျိုးခင်း တည်ထောင်ထိန်းသိမ်းနည်း၊ ကော်ဖီ မျိုးပွားစိုက်ပျိုးခြင်းနှင့် တိုးချဲ့စိုက်ပျိုးခြင်းများအကြောင်း စသည့်ကော်ဖီသီးနှံဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ဒီဇင်ဘာ ၅ ရက်နေ့နှ ဒီဇင်ဘာ ၇ ရက်နေ့အထိ နံနက် ၉နာရီမှ ညနေ၄နာရီထိ(၃)ရက်တိုင်တိုင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)