၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန် ရွေးချယ်ရေးဆန်းစစ်ချက် အားကစားပြိုင်ပွဲများ သာကေတမြို့နယ် အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန် ရွေးချယ်ရေးဆန်းစစ်ချက် အားကစားပြိုင်ပွဲများ သာကေတမြို့နယ် အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်

 



MNP - နိုဝင်ဘာ   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘက် စုံလူရည်ချွန်ရွေးချယ်ရေးကို ဆက်လက်ကျင်းပခဲ့ရာ ယနေ့ နံနက်(၆)နာရီ၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး ဆန်းစစ်ချက်အားကစား စွမ်းရည်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။


အဆိုပါ လူရည်ချွန်ဆန်းစစ်ချက် အားကစားစွမ်းရည်ပြိုင်ပွဲများ ရွေးချယ်ရာ၌ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ရေးဆိုင်ရာလမ်းညွန်ချက်နှင့်အညီ တာဝန်ရှိသူများမှ ကြီးကြပ်ကာသာကေတမြို့နယ်ရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး၊ အထက်တန်းအဆင့် ကျောင်းသူ(၂၉)ဦးတို့မှ မီတာ(၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေးပြိုင်ပွဲ၊ အိပ်ချမတင်ပြိုင်ပွဲ၊ လက်ထောက်မှောက်တွန်းတင်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင် ခဲ့ကြသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘက်စုံ လူရည်ချွန်ရွေးချယ်ရေး နောက်ဆုံးရက်အဖြစ် ကိုယ်ခန္ဓာကြံ့ခိုင်ရေး ဆန်းစစ်ချက်ပြိုင်ပွဲများအား အဆင်ပြေစွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းစီမံမှုဖြင့် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)