ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပ

 



MNP - ဒီဇင်ဘာ  ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက စိန်မေရီ မသန်စွမ်းဂေဟာတွင် ကျင်းပသည်။


ရှေးဦးစွာ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင် ဆောင်ရွက်ခွင့်ရရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် မသန်စွမ်းသူများ ပြည်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ကျိုင်းတုံမြို့  NEWS HUMMUNITY  INTERNATIONAL အဖွဲ့မှ  Manager ဒေါ်နန်းဝိုးဖဲနှင့် တာဝန်ရှိသူများက စိန်မေရီ မသန်စွမ်းဂေဟာနှင့် ရပ်ကွက်၊ ကျေးရွာများမှ  မသန်စွမ်း စုစုပေါင်း ၆၂ ဦး တို့အား ဆောင်းရာသီတွင် အသုံးပြရန်အတွက် စောင် ၆၂ ထောက်ပံ့ပေးပြီး အာဟာရကျွေးမွေးခြင်း ပြုလုပ်ပေးရာ စိန်မေရီမသန်စွမ်းဂေဟာ၊ တာဝန်ရှိသူ တစ်ဦး က ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)