ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်



MNP - ဒီဇင်ဘာ ၄


ကျိုက်ထိုမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ငွေရတုခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


အခန်းအနားတွင် ကျိုက်ထိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေ နီအသင်း (ခွဲ) တပ်ဖွဲ့မှူး ဦးဆန်းဝင်း‌အောင်မှ သင်တန်းကာလသည် ရက်တိုသင်တန်းဖြစ်သော်လည်း သင်တန်းသား၊ သင်တန်းသူများအား စာတွေ့လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သင်တန်းသို့တက်ရောက် ထားသူများအနေဖြင့် မိမိမိသားစုနှင့်ပတ်ဝန်းကျင်ရှိ ပြည်သူများကျန်းမာရေးကိစ္စရပ်များ အရေးပေါ် ဖြစ်ပေါ်လာပါ အသက်ဆုံးရှုံးမှုမရှိစေရန် ကူညီစောင့်ရှောက်ပေးနိုင်သည့် သင်ခန်းစာများဖြစ်၍ လူတိုင်းသိသင့်တတ်အပ်သည့် အရေးပေါ်ကယ်ဆယ်ကုသရေး သင်တန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယင်းနောက်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။


အဆိုပါ သင်တန်းအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်း(ခွဲ) တပ်ဖွဲ့မှူး ဦးဆန်းဝင်းအောင် ကြီးကြပ်၍ သင်ခန်းစာ(၁၄)ခုကို နည်းပြ ဆရာ၊ ဆရာမများက နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းသား၊ သင်တန်းသူ(၁၅၀)ဦးအား (၄) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပိုဲ့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)