မိုင်းယောင်းတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်းတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




MNP - ဒီဇင်ဘာ   ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် နမ့်ယွန်းကျေးရွာ တန်(၄၀)အဆင့်မြင့် ဆန်စက်၌ ဆန်များ ဈေးကွက်တွင် ရောင်းချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က စိုက်ပျိုးရေး၊ ဈေးကွက်စီးပွားရေးစနစ်အရ လုပ်ငန်းရှင်များအနေဖြင့် ဆန်စပါးကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသည်နှင့်အညီ ခရိုင်အတွင်းစားသုံးရန်နှင့် အခြားသို့တင်ပို့ရန် ဆန်များကို အရည်အသွေးမီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများက မိုင်းယောင်းခရိုင်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှု၊ ပိုလျှံမှုနှင့်ဈေးနှုန်း ဈေးကွက်အ‌ခြေအနေများ၊ စပါး(၁)ဧက ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် တောင်သူ အကျိုးအမြတ် ရရှိနိုင်မှုအခြေအနေများ၊ မိမိခရိုင်မှ ဆန်စပါးတင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးစသည့် လယ်ယာစိုက်ပျိုးရေး၊ ကြိတ်ခွဲရေး၊ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်းပြီး စပါးချိန်စက်၊ အစိုဓာတ်တိုင်းတာစက်၊ အခြောက်ခံစက်၊ သိုလှောင်စက်၊ ကြိတ်ခွဲစက်၊ စပါးအခွံချွတ်စက်၊ သန့်စင်စက်၊ ဖွပ်စက်၊ အရောင်တင်စက်၊ အရောင်ရွေးစက်၊ ဆန်အရည်အသွေး ခွဲခြားတိုင်းတာစက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အဆိုပါ တန်(၄၀) အဆင့်မြင့်ဆန်စက်သည် ပေါက်ဈေးဖြင့် ဒေသထွက်ဆန်များကို ဝယ်ယူကြိတ်ခွဲပြီး အခြားဒေသက ထွက်ရှိသော အရည်အသွေးတူ ဆန်များထက် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများအား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)