တွံတေးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ ၃


၂၀၂၂ခုနှစ်၊ဒီဇင်ဘာအားကစားလ လူထုလမ်း‌လျှောက်ပွဲကို ရန်ုကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၌ ယနေ့နံနက် ၅နာရီ ကစတင်၍ တွံတေးမြို့လွတ်လပ်ရေးကျောက်တိုင်လမ်းဆုံမှ တွံ‌တေးသိန်းတန်ရုပ်ထုလမ်းဆုံအထိ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။


တွံတေးမြို့နယ် ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲသို့ တွံတေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်‌ကျော်သန်း၊ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမျိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ဦးဝင်းမြင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ၊ ကြက်ခြေနီအသင်း၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့်က တွံတေးသိန်းတန်ကြေးရုပ်ထုလမ်းဆုံအထိ လမ်းလျှောက်ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စုပေါင်းကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ခန်း‌လေ့ကျင်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


သတင်း - တွံတေးသား 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)