Pages

Pages

ပဲခူးမြို့တွင် (၈၂)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိ အခြေပြု ရေးဖြေစာမေးပွဲ ကျင်းပ

 


MNP - ဒီဇင်ဘာ ၄


ဝိနယတံခွန်ပရိယတ္တိ ပူဇာနုဂ္ဂဟအသင်းကြီးမှ ကြီးမှူးကျင်းပသော (၈၂)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိ အခြေပြု ရေးဖြေစာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။


ဝိနယတံခွန်ပရိယတ္တိအခြေပြု ရေးဖြေစာမေးပွဲအား   ဒီဇင်ဘာလ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ(၃)ရက်နေ့တွင် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့ရှိ မြို့နယ်များမှ စာသင်သားသံဃာတော် (၁၃၅၃) ပါးတို့က သာမဏေရသီလသိက္ခာ (အငယ်တန်း)နှင့် သာမဏေရသီလသိက္ခာ (အကြီးတန်း)တို့အား  ဖြေဆိုတော်မူကြပြီး  ဒီဇင်ဘာလ (၄)ရက်နေ့တွင်   စာသင်သား သံဃာတော် (၂၆၉)ပါးတို့မှ ဖြေဆိုကြမည် ဖြစ်သည်။


အဆိုပါ     ဝိနယတံခွန်ပရိယတ္တိပူဇာနုဂ္ဂဟ အသင်းကြီးမှ    ကြီးမှူးကျင်းပသော (၈၂)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိအခြေပြု ရေးဖြေစာမေးပွဲကို စာဖြေသံဃာတော် (၁၆၂၂)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق