မွန်ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)သို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)သို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်


MNP ၊ ဒီဇင်ဘာ   ၁

မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန်အတွက် ဒေသတွင်းအလားလာကောင်းများရှိသည့် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ ခွဲဝေချထားပြီးဖြစ်ရာ မွန်ပြည်နယ်အတွင်းရှိ အဓိကအားဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းနှင့်သမဝါယမလုပ်ငန်းများကို စိစစ်အတည်ပြု၍ မတည်ထောက်ပံ့ငွေများ ထုတ်ချေးဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ချေးငွေထုတ်ပေးနိုင်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းအဆိုပြုချက်များနှင့် လိုအပ်သောရန်ပုံငွေများကို တင်ပြကြရန် လိုအပ်သလို ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရမည်ဖြစ်ပြီး စာရင်းစစ်ဆေးမှုခံနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြ ရန် လိုကြောင်း၊ မတည်ထောက်ပံ့ငွေထုတ်ပေးပြီးသော လုပ်ငန်းများကို အောင်မြင်မှုများရရှိလာအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားကြရန်နှင့်  ပြည်နယ်၏ စီးပွားရေးအခြေအနေကို မြှင့်တင်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်မှ မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများ၊ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)