ရမ်းဗြဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ








MNP ၊  ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ယနေ့တွင်ကျရောက်သည့်(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို  နံနက် ၈ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊  မြို့မိမြို့ဖများ၊   ဆရာ/ဆရာမများနှင့်  ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင်  ရှေ့ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သော (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား  ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းကဖတ်ကြားပြီးနောက် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့်အမှတ် (၂)အခြေခံပညာအထက်ကျောင်းမှ ကျောင်းသူလေးများက ရခိုင်ရိုးရာသီချင်းယိမ်းအကများဖြင့် ကပြဖြေဖျော်ကြသည်။


ဆက်လက်ပြီး(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ်အထက်တန်းအဆင့်၊အလယ်တန်းအဆင့်ပန်းချီ၊  စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိကြသူများနှင့်(၂၃)ကြိမ်မြောက် ဆို က ရေး တီး ပြိုင်ပွဲတွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်တို့တွင် ဒုတိယဆုရရှိသူ  ရမ်းဗြဲမြို့နယ်ကိုယ်စားပြု ကိုမိုးစည်အောင်အား ဆုချီးမြှင့်ပေးကြသည်။ ဆက်လက်၍  ရမ္မာဝတီ RSUM လူငယ်တေးဂီတအဖွဲ့မှ ရခိုင်တေးသီချင်းများဖြင့်ဖြေဖျော်ပေးကြသည်။


၎င်းနောက် ဌာနဆိုင်ရာများမှ ရခိုင်ရိုးရာ ဒေသထွက်မုန့်များဖြင့်ဧည့်ခံပေးကြရာ အခမ်းအနားသို့တက်ရောက်လာ

ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက  လှည့်လည်အားပေးကြည့်ရှုကြပြီး   အခမ်းအနားသို့တက်လာကြသောပရိတ်များက ဌာနဆိုင်ရာများမှ ဧည့်ခံကျွေးမွေးပေးသောမုန့်များကို ပျော်ပျော်ပါးပါးစားသောက်ကြကြေင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)