MNP ၊ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေး နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ၊နံရံကပ်စာစောင် ၊စာအုပ်ပြပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ များကိုယနေ့ နေ့လယ် က ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု နှင့် လွတ်လပ် ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် မူလတန်းအဆင့် ပုံပြင်ပြော၊ ဉာဏ်စမ်းပဟေဠိ၊မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၅၂) ဦးတို့က အဖွဲ့များခွဲ၍ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသား ၊ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် နံရံကပ် စာစောင်များ၊ သုတစာအုပ်များ ကို ခင်းကျင်း ပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق