MNP ၊ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ် ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့ နံနက်ပိုင်းက ခရိုင်အစိုးရအဖွဲ့ရိပ်သာခြံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အဆိုပါပူးပေါင်း အဖွဲ့တို့သည် အဖွဲ့များခွဲကာ မိမိတို့သတ်မှတ်နေရာများရှိ အမှိုက်များနှင့် အစိုးရအဖွဲ့ရိပ်သာခြံဝန်းအ တွင်းတွင် ပေါက်ရောက်နေသည့် ခြုံနွယ်ပေါင်းပင်များ၊ အမှိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ရရှိလာသည့်အမှိုက်များကို အမှိုက်အိတ်များထဲသို့ စနစ်တကျထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များလမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق