စကုမြို့ သာသနတက္ကသီလဓမ္မာစရိယ အရှင်ကုမာရ၏ ဂုဏပူဇာမင်္ဂလာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စကုမြို့ သာသနတက္ကသီလဓမ္မာစရိယ အရှင်ကုမာရ၏ ဂုဏပူဇာမင်္ဂလာ အခမ်းအနားကျင်းပ



MNP - ဒီဇင်ဘာ   ၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ သာသနတက္ကသီလ ဓမ္မာစရိယ အရှင်ကုမာရ B.A (Bugghism) ၏ ဂုဏပူဇာ မင်္ဂလာအခမ်းအနားကို စကုမြို့ ရွှေပန်းရုံကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နမောတသ သုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များက စကုမြို့ မဟာဓမ္မိကာရာမ ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဥတ္တရ မဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလနှင့် ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ စကုမြို့စာသင်တိုက်မှ ဆရာတော် ဦးဩသဓသာသန တက္ကသီလ ဓမ္မာစရိယ အရှင်သူမြတ်က အရှင်ကုမာရ၏ ထေရုပ်ပ္ပတ္တိနှင့် ရွှေပန်းရုံကျောင်း ဆရာတော် ဦးကုသလတို့မှ ထုတိပတ္ထနာ ဂါထာဖြင့် ရွတ်ဆိုချီးမြှင့်ကြပြီး စကုမြို့ ရွှေပန်းရုံ ဝတ်အသင်းသူလေးများက ရှစ်လုံးဘွဲ့ ကဗျာများ၊ ရွှေဆိုင်း ဝိုင်းတော်သားအဖွဲ့က ထူးမခြားနား တေးသီချင်းများဖြင့် သီကျူးပူဇော်ခဲ့ကြသည်။


ထို့နောက် စကုမြို့ အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်၊ ရွှေပန်းရုံရပ်ကွက် အကျိုးတော်ဆောင် ဦးကျော်ဆွေတို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများဖတ်ကြားကာ၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လှူဖွယ်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ  ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ စကုမြို့ စာသင်တိုက် ဆရာတော် ဦးဥတ္တရ နိုင်ငံတော်ဩဝါဒစရိယထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာတရားခံယူကာ အမျှပေးဝေခဲ့ကြပြီး စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ဇယျာထက်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)