မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်




MNP - ဒီဇင်ဘာ ၈


နိုင်ငံတော်အစိုးရအနေဖြင့်  ပညာရေးကဏ္ဍမှာ အခြေခံပညာကဏ္ဍ၊   အဆင့်မြင့်ပညာကဏ္ဍတို့မှာ သာမက နည်းပညာ၊ သက်မွေးပညာကဏ္ဍမှာလည်း ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု၊   သင်ယူမှုအခွင့်အလမ်းများ၊   ကျွမ်းကျင်မှုအရည်အသွေး  အဆင့်မြှင့်တင်ခြင်း သင်တန်းများ  ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာရာဝန်ကြီး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ဆရာ/ရောမများ၊ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာရာဝန်ကြီး ဦးမျိုးအောင်က အဖွင့် အမှာစကားပြောကြားပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးသွင်က  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရေးဆွဲဆောင်ရွက်လျက်ရှိသည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာမဏ္ဍိုင် (၃) ၊ မဟာဗျူဟာ (၁) ၏   သင်ကြားသင်ယူမှုတွင်   လုပ်ငန်းခွင် အကြိုနှင့် လုပ်ငန်းခွင်ရောက် ဆရာ/ဆရာမများ၏ အရည်အသွေးမြှင့်တင်ပေးနေမှုများကို အမှာစကားအဖြစ် ပြောကြားခဲ့သည်။


ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် အကဲဖြတ်ဒိုင်များ၊  ဆရာ/ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည် ပြိုင်ပွဲတွင် ပြိုင်ပွဲခေါင်းစဉ်အလိုက် ဆုရရှိသူ ဆရာ/ဆရာမများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက   ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာရာဝန်ကြီး ဦးမျိုးအောင်၊ နည်းပညာ၊  သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊   ညွှန်ကြားရေးမှူးချုပ် ဦးဌေးသွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ် မှ ပါမောက္ခချုပ်၊  ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးစက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ တာဝန်ရှိပုဂ္ဂိုလ်များ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များများမှ ပါမောက္ခချုပ်များ၊ အစိုးရနည်းပညာကောလိပ် များ၊  အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးကြီးများ၊ ဆရာ/ဆရာမ များ ပြိုင်ပွဲဝင် ဆရာ/ဆရာမများ  တက်ရောက်ခဲ့ကြပြီး    တက်ရောက်လာသူများက ဆုရ Project များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)