ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအမ်းခရိုင် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအမ်းခရိုင် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






အမ်း-ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ် အစိုး ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် တို့ သည် ဒီဇင်ဘာ ၁၁ ရက် နေ့လည် ၂ နာရီအချိန်က အမ်းခရိုင် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေ့ဦးစွာ ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌အမ်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်  တွေ့ ဆုံပွဲသို့ တက်ရောက် သည်။  တွေ့ဆုံပွဲတွင် ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်သူရ က  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချော မွေ့စွာ ဆောင်ရွက်နိုင်စေရေး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် မိမိတို့ခရိုင်အောက်ရှိ မြို့နယ်များ၏ လုပ် ငန်း တာဝန်များကို လက်လှမ်းမီစွာဖြင့် ကြီးကြပ်ကွပ်ကဲနိုင်ပြီး ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုး တက် လာအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ခရိုင်မြို့ တစ်မြိုဖြစ် လာသည်နှင့်အမျှ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းလမ်းများကောင်းမွန်စေရေးတို့အတွက် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့က သက် ဆိုင်ရာဌာနများ၊မြို့မိ၊ မြို့ဖများနှင့်ပေါင်းစပ် ညှိနှိုင်းကာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ခရိုင်ရုံးများ ဖွင့်လှစ်ထားရှိမှုအ ခြေအနေနှင့် ဒေသဆိုင်ရာအချက်အ လက်များကိုရှင်းလင်း တင်ပြပြီး ခရိုင်အ ဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရခိုင် ပြည်နယ် အစိုးရအဖွဲ့  လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က ဖြည့် စွက်ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီး ကျော်သူရက ပေါင်း စပ်ညှိနှိုင်းပေးကာ နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စုပေါင်း ရုံးတွင် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ ဖွင့် လှစ်ထားရှိမှု၊ လေ ယာဉ်ကွင်းရပ်ကွက်ရှိ စုပေါင်းရုံးဟောင်းအားပြန်လည် ပြုပြင်နေမှု၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဆောက်လုပ်မည့် မြေနေရာ၊ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း တို့ချဲ့ဆောင်သစ် ဆောက် လုပ်မည့်မြေနေရာ၊ဈေးတောင် ရပ်ကွက်ရှိ ဒေသဖွံ့ဖြိုးရေးရုံး ပြန်လည်ပြုပြင်နေမှုအားလည်းကောင်း၊ အမ်းမြို့ဗျူးပွိုင့်အလှပြုပြင်ဆောင်ရွက်ထားရှိမှု၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ရုံးများဆောက်လုပ်မည့် မြေနေရာများအားသွား ရောက်ကြည့်ရှု့စစ် ဆေးပြီး တာဝန်ရှိသူ များတင်ပြချက်များအပေါ် ဖြည့်စွက် မှာ ကြားကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)