မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး (၃/၂၀၂၂)သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး (၃/၂၀၂၂)သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး တက်ရောက်




MNP - ဒီဇင်ဘာ ၄


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး(၃/၂၀၂၂)ကို ယနေ့နံနက် (၉) နာရီအချိန်က တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့် အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း လိုအပ်သော နည်းပညာအကူအညီများ ဝိုင်ဝန်း ပံ့ပိုးပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်လာသည်အထိ ကူညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက်  အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ဝင်များမှ မှတ်ပုံတင်လုပ်ငန်းများအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)