မြိတ်မြို့ အထက(၃)တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့ အထက(၃)တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ ၄


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား မိသားစုနှင့် ပတ်ဝန်းကျင်တွင် ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် ကူညီဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုခြင်း (အခြေခံ)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပညာရတနာခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။


သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လုပ်ငန်းများ၊ ဒဏ်ရာအမျိုးမျိုးပြုစုနည်း၊ ပတ္တီးစည်းနည်းအမျိုးမျိုး၊ သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ အရည်အပူ လောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်း/တုတ်ခြင်း၊ အရိုးကျိုးခြင်း၊ ဆို့နင်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးစေရေး အသိပညာပေး သင်ခန်းစာစသည့် ဘာသာရပ်များကို သင်တန်းကာလမှာ(၄)ရက် ဖွင့်လှစ်၍ သင်တန်းသား ကျောင်းသား/ကျောင်းသူ(၁၀၁)ဦးအား သင်တန်းနည်းပြ(၈)ဦး၊ အကူနည်းပြ(၄)ဦးဖြင့် သင်ကြားပို့ချပေးခဲ့ကြသည်။


သင်တန်းဆင်းပွဲ၌ အထက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသောင်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထိုနောက် မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုမြို့နယ်တပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား/သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်းထူးချွန်ဆုရရှိသူများကို တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက ထူးချွန်ဆုများပေးအပ်သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင် ပေးအပ် ခဲ့ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)