ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ဝန်ဆောင်မှုဆင့်ပွား သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ဝန်ဆောင်မှုဆင့်ပွား သင်တန်း ဖွင့်လှစ်




MNP ၊ ဒီဇင်ဘာ   ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ဒီဇင်ဘာ (၈)ရက်  နံနက်က စာကြည့်တိုက်ဝန်ဆောင်မှု ဆင့်ပွား သင်တန်းကို  ဖွင်လှစ်ပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင်‌ ရှေးဦးစွာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ် ချက်ကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်ဦးစီးအရာရှိ က ဝန်ထမ်းများအား ပြည်သူများအတွက် အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်မည့် စာကြည့်တိုက်မှူးကောင်းများဖြစ်ရေး၊ ဌာနမှဆောင်ရွက်နေသည့် အွန်လိုင်းမှတစ်ဆင့် ပြည်သူအသိပညာပေးလုပ်ငန်းများကို ပြည်သူများ စိတ်ဝင်စားမှုရှိအောင် စနစ်တကျ တင်ဆက်နိုင်ရေး၊ စာကြည့်တိုက်များအား အသွင်သဏ္ဍန်နှင့် အနှစ်သာရပြည့်ဝ‌နေအောင် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရေး၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်ရေး၊ ကလေးစာဖတ်ခန်းများကို ကလေးများ အပြည့်အဝအသုံးချနိုင်ရေး စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများတို့ကို  ‌ဆွေးနွေး သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)