ကြံခင်းမြို့၌ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 




MNP - ဒီဇင်ဘာ ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်က ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီအသ စ်ပြန်လည်ဖွဲ့စည်းရာတွင် သတ်မှတ်စည်းကမ်းချက်၊ ကော်မတီ၏လုပ်ငန်း တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ရမည့် အချက်များ အားရှင်းလင်းပြောကြားပြီးနောက်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အထွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက ခရီးသွားယာဉ်များ ကြံခိုင်မှုရှိရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်၊ ဥပဒေနှင့်မလွတ်ကင်းသော ကုန်သွယ်ခြင်း၊ သယ်ဆောင်ခြင်းအား အထူးကြပ်မတ်ဆောင်ရွက်ရန် ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းထွဋ်က ခရီးသွားပြည်သူများ  မှတ်ပုံတင်ဖြင့် စနစ်တကျလက်မှတ်ရောင်းချရေးနှင့် ယခုဖွဲ့စည်းမည့် အဖွဲ့ဝင်အသစ်များကို ဥပဒေနှင့်အညီ စနစ်တကျ ရွေးချယ်ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်မင်းက အသစ်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍လည်းကောင်း၊ အဖွဲ့ဝင်ဦးကျော်ဝင်းက  ကော်မတီဝင်ဦးရေနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးကြသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်က ကော်မတီ၏စည်းမျဉ်း/ စည်းကမ်းဆိုင်ရာများ၊ လုပ်ထုံးလုပ်နည်းများကို Power Point ဖြင့် ရှင်းလင်းပြီးနောက် မော်တော်ယာဉ် ဂိတ်မှူးများက မိမိတို့၏အခက်အခဲများအား တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ညှိနှိုင်းပေါင်းစပ်ပေးပြီး ကော်မတီရွေးချယ်ပွဲကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့်စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)