ဝါးခယ်မမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


MNP -ဒီဇင်ဘာ ၁


ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိ”ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၄၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ဝါးခယ်မမြို့နယ်၏ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံ လျာထားချက်မျာမှာ နွေစပါး (၁၂၈၁၀၆) ဧက၊ နေကြာ (၉၆၂၅) ဧကတို့ဖြစ်ပြီး အချို့တောင်သူများမှာ ကန်ထရိုက် လယ်ယာလုပ်ငန်း (Contract Farming) အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ သတ်မှတ် ဧက ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးစရိတ် ကြိုတင်ငွေနှင့် အကျိုးတူရန်ပုံငွေများ သတ်မှတ်ရက်အမှီ ထုတ်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဦးရည်မွန် (လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ)၊ ဒေါ်အေးအေးသက် (သမဝါယမဦးစီးမှူး) ၊ ဦးကျော်သိန်းထွန်း (စိုက်ပျိုးရေးဦးစီးမှူး) ၊ ဦးဇော်ဇော်ထွန်း (လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး) တို့က ဆောင်းသီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)