မြောက်ဦးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ ဒီဇင်ဘာ   ၆

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ လူကုန်ကူးမှုများကို တိုက်ဖျက်ရာတွင် လူကုန်ကူးသူများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်ရန်သာမက လူကုန်ကူးခံရသူများ၏  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ  ပြန်လည်ထူထောင်ရေးအပါအဝင် လူသားချင်းစာနာသည့် လုပ်ငန်းစဉ်များကိုလည်း ယခုအဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးတို့မှ  တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လူကုန်ကူးမှုတားဆီးရေး အသိပညာဗဟုသုတ ရရှိစေရန် အသိပညာ ဟောပြောပွဲများကို စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး တစ်လလျှင် အနည်းဆုံး (၂)ကြိမ်ထက်မနည်း  ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြား ခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း လူကုန် ကူးမှုဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ကြိုတင်ကာကွယ်တားဆီးရေးနည်းလမ်းများကို လက်ကမ်းစာ စောင်များရိုက်နှိပ်ပြီး အများပြည်သူများအား ဖြန့်ဝေဆောင်ရွက်သင့်ကြောင်း၊ မြို့၏အချက်အချာ ကျသောနေရာများ၌ လူကုန်းကူးမှုအသိပညာပေး အချက်အလက်များ ပါဝင်သော ပိုစတာဗီနိုင်း ဘုတ်များကို စိုက်ထူပြီးအသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းတို့သည် ကြိုတင်ကာကွယ်တား ဆီးရေးအတွက် အဓိကအရေးပါသည့်အချက်များဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲအသီး သီးမှ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အချက်အလက်များ၊ အသိပညာပေးရေးနည်းလမ်များကို ပူးပေါင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)