ရပ်စောက်မြို့နယ်၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်မြို့နယ်၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

 


MNP - ဒီဇင်ဘာ ၁၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အသက်(၁၈)နှစ်အောက် အခြေခံ ပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီမှစတင်ကာ ညနေ ၃:၃၀ အချိန်အထိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ရပ်စောက်) ကျောင်းဝန်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ မီတာ ၁၀၀ မှ မီတာ ၃၀၀၀ အထိ (၄)ယောက်တွဲ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် စသည့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ၎င်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို နယ်မြေအလိုက် ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိခဲ့ကြသည့် နယ်မြေအလိုက်ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာ ၁၂၊ ၁၃ ရက်နေ့များတွင် မြို့နယ် အားကစားကွင်း၌ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဆုရရှိသည့် ပြိုင်ပွဲဝင်များသည် ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)