MNP ၊ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်ခဲ့သော ကုန်းခင်ကျေးရွာအုပ်စု၊ပုန်းဆိုးကြီးကျေးရွာ အဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်၇နာရီခွဲက ၎င်းလမ်းထိပ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးမောင်မောင်လွင်က ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကုန်းခင်ကျေးရွာအုပ်စု၊ ပုန်းဆိုးကြီးကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးညီဝင်းစိန်မှကျေးဇူးတင်စကားပြောကြားသည်။
ထိုနောက် ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး၊ အဖွဲ့ဝင် ဦးကျော်မြ၊မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးအောင်သန်းဝင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီမှူးဦးမောင်မောင်လွင်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်သည်အရှည်(၂၉၅)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၆)လက္မ ကွန်ကရစ် လမ်းသစ်ဖြစ်း(VDP)ကထောက်ပံ့ငွေ (၁၀•၀၀)ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ(ဝ•၃၆)ကျပ်သန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ တာဝန်ယူဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖြစ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق