လပွတ္တာမြို့နယ်တွင် (၇၅)မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လပွတ္တာမြို့နယ်တွင် (၇၅)မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ  ၅


ဇန်နဝါရီလ(၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်ရှိ ရတနာဒီပ အားကစားကွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နေ့လည် (၂)နာရီ၌ စတင်ကျင်းပသည်။


အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်း စနစ်တကျ နေရာယူကာ နိုင်ငံတော်အလံနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌအား အလေးပြုခြင်း၊ တန်းအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်မိန့်ခွန်း ပြောကြားပြီး အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီး စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲအားဖွင့်လှစ်ခဲ့ပြီး ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇွဲသူဟိန်းတို့ ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ခိုင်လင်းတို့ ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးအသင်းဝင်များ၊ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များ စုစုပေါင်းအင်အား(၁၈၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲအား ဒီဇင်ဘာလ (၄)ရက်နေ့မှ ဇန်နဝါရီလ (၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ လပွတ္တာမြို့နယ်အတွင်းမှ ကျေးရွာအသင်း (၂၄) သင်း ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)