Pages

Pages

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံ

 




MNP ၊  ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ပြည်သူများနှင့်  ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုး နှံရန်ကျန်ရှိနေသူများကို  ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အဆိုပါကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။


ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံ ပေးသည်။ 


ကျောက်ဖြူမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၈၆၈၀၉)ဦး၊ ဒုတိယ အကြိမ်ထိုးနှံပြီးသူ(၇၆၄၉၇)ဦး၊ တတိယအကြိမ်ထိုးနှံပြီးသူ(၃၁၇၇၅)ဦး၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူ (၁၃၉၆)ဦးရှိပြီဖြစ်ကာ ဆေးထိုးရန်ကျန်ရှိနေသေးသူများကို ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق