ဂွမြို့နှင့် ကျိန္တလီမြို့များအတွက် နေ့စဉ်ဝန်အားလျှော့ အစီအစဉ်အား ပြည်သူများသို့ အသိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နှင့် ကျိန္တလီမြို့များအတွက် နေ့စဉ်ဝန်အားလျှော့ အစီအစဉ်အား ပြည်သူများသို့ အသိပေး





MNP ၊  ဒီဇင်ဘာ  ၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဒီဇင်ဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဂွမြို့နှင့် ကျိန္တလီမြို့များအတွက် နေ့စဉ်ဝန်အားလျှော့ (Load Shed)အစီအစဉ်အား ပြည်သူများသို့ အသိပေး ဆောင်ရွက်ထားကြောင်း သိရသည်။

ဒီဇင်ဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ မီးပျက်ချိန်များမှာ ဂွမြို့တွင် နံနက်၅နာရီမှ ၁၀နာရီအထိနှင့် ညနေ၃နာရီမှည၈နာရီအထိ(၂)ကြိမ်မီးပျက်လျှင် ကျိန္တလီမြို့တွင်  နံနက်၀၀နာရီမှ ၅နာရီအထိ၊ နံနက်၁၀နာရီမှ ညနေ၃နရီအထိနှင့် ည၈နာရီမှ ၁၂နာရီအထိ(၃)ကြိမ်မီးပျက်မည်ဖြစ်ကြောင်းနှင့် ဂွမြို့တွင် နံနက်၀၀နာရီမှ ၅နာရီအထိ၊ နံနက်၁၀နာရီမှ ညနေ၃နရီအထိနှင့် ည၈နာရီမှ ၁၂နာရီအထိ(၃)ကြိမ်မီးပျက်ခဲ့လျှင် ကျိန္တလီမြို့တွင် နံနက်၅နာရီမှ ၁၀နာရီအထိနှင့် ညနေ၃နာရီမှည၈နာရီအထိ(၂)ကြိမ် အလှည့်ကျ မီးပျက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူ၏ ဝန်အားလျှော့အစီအစဉ်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် Line Fault,LDC Load Shed(frequency) နှင့် System Break down များကြောင့် ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်ကြောင်းနှင့် ကျိန္တလီမြို့သို့ ဓာတ်အားပေးထားသော 11KVညောင်ချောင်းဖီဒါတွင် ပါဝင်သော မြို့မရပ်ကွက် အလယ်ရွာမှ တိုင်ကျိုးကျေးရံာအထိ ကျေးရွာများသည် ကျိန္တလီမြို့ မီးပျက်ချိန်နှင့် အတူတူဖြစ်ကြောင်းလည်း ဝန်အားလျှော့ အစီအစဉ် ထုတ်ပြန်ချက်အရ သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)