ပေါက်တောမြို့နယ် အခြေခံပညာကျောင်းများ၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် အခြေခံပညာကျောင်းများ၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

 



MNP - ဒီဇင်ဘာ ၁၁


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က(မြို့မ)ကျောင်းနှင့် အ.လ.က-ဒါးကိုင်ကျောင်းများ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် အဖွဲ့ဝင်များက ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က(မြို့မ)ကျောင်းနှင့် အ.လ.က-ဒါးကိုင်ကျောင်းများတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ ကျောင်းကြက်ခြေနီအဖွဲ့ ဖွဲ့စည်းခြင်း၊ ရှေးဦးသူနာပြုစုနည်းပညာရပ်များပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ၊ ကျောင်းသုံးကြက်ခြေနီ အရေးပေါ်ဆေးအိတ်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)