မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ်

 


MNP - ဒီဇင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မရမ်းကျေးရွာအုပ်စု၊ တောင်ပို့ကုန်းကျေးရွာ၌ ဒီဇင်ဘာလ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော မိုးရွာသွန်းပြီး မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သည်။


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့်တာဝန်ရှိသူများက သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်တိတိအားကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေး စာရေးတို့နှင့်အတူ သေဆုံးသူ၏မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)