မူဆယ်မြို့တွင် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မူဆယ်မြို့တွင် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP - ဒီဇင်ဘာ  ၁၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီး၍ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးတွင် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်သူက လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့်ပက်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဦးရဲရင့်ထွန်းက “မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ အထွေထွေရွေးကောက်ပွဲမဲစာရင်းရလဒ်မှန်ကန်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်ရှိပြီး ယခုအဆင့်(၃)ရောက်ရှိနေပြီဖြစ်ကြောင်း  အဆင့်(၃)တွင် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာဆောင်ရွက်မည့်အစီအမံများမှ  လဝကအနေဖြင့် မိမိဌာန၏ E-ID Software အတွင်း ထည့်သွင်းထားသော အထက်ပါအစီအမံများအား ထုတ်ယူလျက်ရှိကြောင်း၊ စာရင်းကောက်များအတွက် ပြည်နယ်အဆင့်နည်းပြသင်တန်းတက်ရောက်ရန် သင်တန်းများရွေးချယ်ပြီး (၂၀.၁၂.၂၀၂၂)နှင့် (၂၁.၁၂.၂၀၂၂)နေ့တွင် သင်တန်းတက်ရောက်မည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်သင်တန်းအား (၂၇.၁၂.၂၀၂၂)နေ့နှင့် (၂၈.၁၂.၂၀၂၂)ရက်နေ့တွင် မြို့နယ်အသီးသီးတွင် ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူမှုကာလအား (၉.၁၂.၂၀၂၂)ရက်နေ့မှစ၍ရက်(၂၀)အတွင်း စာရင်းကောက်ရမည်ဖြစ်ကြောင်း” စာရင်းကောက်ယူမှုနည်းလမ်းများနှင့် ထောက်ပံ့ပစ္စည်းအကြောင်းအရာများ၊ မဲစာရင်းများမှန်ကန်မှုရှိစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးတွင် တက်ရောက်သူများက အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လဝကဝန်ထမ်းအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)