Pages

Pages

တာမွေမြို့နယ် ဦးချစ်မာင်အိမ်ယာတွင် မီးလောင်မှုဖြစ်ပွား





MNP ၊ ဒီဇင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် ဦးချစ်မောင်လမ်း ဦးချစ်မောင်အိမ်ရာ တိုက်အမှတ် S-9တွင် ယနေ့မွန်းလွဲ ( ၂ ) နာရီ ( ၂၂ ) မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် ဦးချစ်မောင်လမ်း ဦးချစ်မောင်အိမ်ရာ တိုက်အမှတ် S-9တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်(၁၃) စီး ၊ ရေသယ်ယာဉ် (၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၂)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၂)နာရီ ( ၅၅ )မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق