ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ


















MNP ၊ ဒီဇင်ဘာ ၄

ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ သူရဲကောင်းဗိမာန်တွင် ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တပ်မတော်အရာရှိဟောင်းများ၊ နိုင်ငံရေးပါတီများမှ အကြီးအကဲများ၊ တပ်မတော်သားမိသားစုဝင်များနှင့် ပြည်သူများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။


ယနေ့ကျင်းပသည့် အခမ်းအနားသည် နဝမအကြိမ်မြောက် ဖြစ်ပြီး အခမ်းအနားနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးရောင်နီဦး က"အခုလို ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၁၄ခုနှစ်က စတင်ကျင်းပခဲ့တာ စုစုပေါင်း ၉ကြိမ် ရှိပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့နေတဲ့ကာလမှာ ကျွန်တော်တို့ ကော်မတီအနေနဲ့ အကျဉ်းရုံး ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ရပြီးတော့ နှစ်စဉ်ဂုဏ်ပြုပွဲကို တက်ရောက်ချီးမြှင့်ပေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဦးထွန်းကြည်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်အေး (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဦးမျိုးဇော်သိန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း ရဲ့ မိသားစုဝင်များ၊ ရဲဘော်သုံးကျိတ်အဖွဲ့ဝင် မိသားစုများကို လေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ဂါရပြု တင်ပြအပ်ပါတယ်။ ယခုနှစ်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ဦးထွန်းကြည် (ငြိမ်း) ဟာ ပြည်ပမှာ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေတဲ့အတွက် မတက်ရောက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ကျင်းပခဲ့တဲ့ ဂုစ်ပြုပွဲ ၉ကြိမ်လုံးမှာ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်(ငြိမ်း)နှင့် သား ဗိုလ်ကြီး ဇေယျာထွန်း(ငြိမ်း)နှင့် မိသားစု၊ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ မိသားစုများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ အငြိမ်းစားတပ်မတော်သားများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ တပ်မတော်အပေါ် ချစ်ခင်လေးစားသဖြင့် နေရပ်ဒေသအသီးသီးမှ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကော်မတီအနေနဲ့ လေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း" ဖတ်ကြားတင်ပြသွားသည်။

ဆက်လက်၍ အခမ်းအနားကို တပ်မတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီအကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံတော်အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း၊ သစ္စာ(၄)ချက် ရွတ်ဆိုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် (၂)မိနစ် ငြိမ်သက် ဂါရဝပြုခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မိုးပျံပူပေါင်းများ လွှင့်တင်ခြင်း၊ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်များ လွှတ်၍ တပ်မတော်အကြီးအကဲဟောင်းများ၊ နိုင်ငံရေးပါတီများမှ လွမ်းသူပန်းခွေများကို အခမ်းအနားအစီအစဉ်အတိုင်း ဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားသို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်မှ တပ်မတော်မိသားစုဝင်များ၊ တပ်မတော်ချစ်မြတ်နိုးသူ အင်အား ၃၀၀၀ ဝန်းကျင်ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)