တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ (၅/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ (၅/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်



MNP - ဒီဇင်ဘာ ၁၃


တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းအား နိုင်ငံတကာနှင့်ယှဉ်ကြည့်လိုက်မည်ဆိုပါက အခွင့်အလမ်းများစွာရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ကျွန်းပေါင်း(၈၀၀)ကျော်တွင် ရေသယံဇာတများစွာရှိသည့်အတွက်ခရီးသွားလုပ်ငန်းအနေဖြင့် အခွင့်အလမ်းများစွာရှိသော ဒေသတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ခရီးသွားလုပ်ငန်းအား ကြိုးစားလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အလုပ်အကိုင် အခွင့် အလမ်းများ၊ စားဝတ်နေရေးများ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ ယခု အခါတွင် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုများ အနည်းငယ်ပြဿနာရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းများ မျှော်မှန်းသလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိကြောင်း၊ တိုင်းဒေသကြီးတွင်ခရီးသွားလုပ်ငန်းများအား စီမံချက်များရေးဆွဲထားရန်လိုအပ်ပြီး ဒေသအလိုက်ကြော်ငြာများနှင့် ရုပ်သံများတွင်လည်းထည့်သွင်းရန်လိုအပ်ကြောင်း၊ ဟိုတယ်ခရီးသွား လုပ်ငန်း သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဖြစ်သည့် အတွက် ကြိုးစားရင်ကြိုးစားသလောက်အောင်မြင်မှာဖြစ်ကြောင်း၊ ဆက်ဆံရေးကောင်းမွန်ပါက ခရီးသွားဧည့်သည်များ လာရောက်မှာဖြစ်ပြီးဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာအောင်မြင် လာမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံအဆင့်အသိအမှတ်ပြု Health and Safety Protocols- HSP တံဆိပ်ရရှိထားကြသည့် ဟိုတယ်များအား HSP တံဆိပ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)