ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ငွေတောင်သာ သောက်သုံးရေကန် သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ငွေတောင်သာ သောက်သုံးရေကန် သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ ဒီဇင်ဘာ   ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်ဌာနဆိုင်ရာများမှ အပတ်စဉ် စနေ့နေ့တိုင်း  ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့်  မြို့ရွာများသန့်ရှင်းသာယာရေး၊   သောက်သုံးရေကန်များသန့်ရှင်းစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက် ၇ နာရီက  ရမ်းဗြဲမြို့၊  အမှတ်(၁)ရပ်ကွက်ရှိ ငွေတောင်သာ သောက်သုံးရေကန်သန့်ရှင်းစေရေးအတွက်  စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ဆောင်ရွက်ရာသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည် ခြုံ နွယ် မြက် ပေါင်းများကိုခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေကန်တက်ရာလမ်းကို  ရှင်းလင်းပေးခြင်းနှင့်  ရေကန်ပတ်ဝန်းကျင်အနီးမှ  အမှိုက်ကောက်ခြင်းတို့ကိုဆောင်ရွက်ပေးကြပြီး  မြက်၊   အမှိုက်များကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းသယ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)