မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - ဒီဇင်ဘာ  ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မက်မန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင်  ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားပြီး မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ယခင်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီမှုအခြေအနေများ၊ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော မြေထိန်းနံရံဆောင်ရွက်မှုအခြေအနေများ၊ မြို့နယ်ချင်းဆက်လမ်းများ ဆောင်ရွက်မှုအခြေအနေများ၊ လမ်းဘေးဝဲယာသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရုံးများ၏ သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သိရသည်၊ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က မြို့နယ်နှင့်သက်ဆိုင်သောလုပ်ငန်းများ၏ ကျေးရွာလမ်းဖောက်ပေးနေမှုများ၊ လမ်းခင်းခြင်း၊ အဆောက် အဦများဆောက်လုပ်ခြင်း၊ ကျေးရွာရေပေးဝေရေးလုပ်ငန်းများ၏ ဆောင်ရွက်မှုများကိုပြန်လည်ဆွေးနွေးတင်ပြခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ခင်းများ စိုက်ပျိုးမှုနှင့်ဆောင်းသီးနှံများ စိုက်ပျိုးမှု အခြေအနေများကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)