Pages

Pages

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဒီဇင်ဘာ ၈


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ က ပဲခူးမြို့ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဆုရရှိသောအသင်းများ တက်ရောက်ကြသည်။


ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဟင်္သာ(B)ကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၃)သိန်းအား သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကလည်းကောင်း၊  အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော ဒိုက်ဦး(B)ကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၃)သိန်းအား စီးပွားရေးရာဝန်ကြီးဦးတင်ဦးကလည်းကောင်း၊ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဟင်္သာ(ပဲခူး)ကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒိုက်ဦး(A)ကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်အား တိုင်းတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသောဒိုက်ဦး(A)ကလပ်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်းအား ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق