အမျိုးသားစာပေဆုရ သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်ခြင်း(၃)နှစ်ပြည့် အလွမ်းအမှတ်တရ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားစာပေဆုရ သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်ခြင်း(၃)နှစ်ပြည့် အလွမ်းအမှတ်တရ အခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ  ၁


မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် အမျိုးသားစာပေဆုရ သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန်ကွယ်လွန်ခြင်း(၃)နှစ်ပြည့်အလွမ်း အမှတ်တရအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဘာဝနာဂုဏ်ရည်တေဇာလင်းဓမ္မရိပ်သာကျောင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားကို မြောက်ပြင်တော်ကိုရွှေမော်၊ကိုဖိုးချစ်(မန်းတောင်ခြေ)တို့က ဦးဆောင်ကျင်းပပြုလုပ်ကာ အခမ်းအနားမှူးအဖြစ် (ရွှေမန္တလေး) သတင်းစာ အယ်ဒီတာချုပ် (အငြိမ်းစား) ဦးထွန်း ဝင်းက ဆောင်ရွက်ခဲ့ပြီး ဆရာတော် တက္ကသိုလ်တေဇာလင်းက ဆရာကြီးနတ်မောက်ထွန်းရှိန်၏ စာပေအပေါ်ထားရှိသောစေတနာ၊ အနစ်နာ၊ ဝါသနာကြီးမားပုံ၊ ဆရာကြီး၏ စာပေအပေါ်သစ္စာရှိမှု၊ ရိုးသားမှုစသည့် ဆရာကြီး၏ အလွမ်းအမှတ်တရစကားများပြောကြားပြီး၊ စာရေးဆရာသင့်နော်နှင့် မန္တလေးနေ့စဉ်သတင်းထောက်ချုပ်(အငြိမ်းစား) ဦးဌေးအောင်တို့မှလည်း ဆရာကြီး နန်မောက်ထွန်းရှိန်ကွယ်လွန်ခြင်း(၃)နှစ်ပြည့်အတွက် ဆရာကြီးရေးသားခဲ့သော စာပေတွေဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် အလွန်ပင်တန်းဖိုးကြီးကြောင်း ၊ဆရာကြီးဟာ လူမရှိတော့ပေမဲ့ နာမည် မသေကြောင်းဆရာကြီး ဂုဏ်သတင်းတွေဟာ အမြဲထာဝရတည်ရှိနေကြောင်း၊ ဆရာကြီး နတ်မောက်ထွန်းရှိန်ဟာ တိုင်းပြည်အပေါ်၊ လူမျိုးအပေါ် စာပေတွေနဲ့ကျေးဇူးဆပ်ခဲ့ကြောင်း ဆရာ ကြီးလို စာပေချစ်မြတ်နိုးတဲ့စာရေးဆရာတွေ အများအပြားပေါ်ပေါက်ပါစေကြောင်းစသည့် ဆရာကြီး၏ ဂုဏ်ပုဒ်များအားဖော်ညွှန်း၍ ဆုမွန်ကောင်းများတောင်းပေးပြီး ဆရာကြီး နတ်မောက်ထွန်းရှိန်၏ သားဖြစ်သူမှာလည်း ဖခင်ဖြစ်သူ သတင်းစာဆရာကြီးအား အခုလို (၃) နှစ် ပြည့်အလွမ်းအခမ်းအနား စီစဉ်ကျင်းပပေးသော စာရေးဆရာ၊ဆရာမများအားအထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားကာ ဆရာ တော်တက္ကသိုလ်တေဇာလင်းက ကွယ်လွန်သွားသော အမျိုးသားစာပေဆုရ သတင်းစာဆရာကြီးအား ရည်စူး၍ တက်ရောက်လာသော စာရေးဆရာ၊ ဆရာမများနှင့် ဧည်သည်တော်များက သာဓုအနုမောဒနာများခေါ်ဆို၍ လှူဖွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းရေစက်ချ အမျှဝေခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)