မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆောင်းသီးနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်လှစ်သင်ကြားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆောင်းသီးနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်လှစ်သင်ကြားပေး



MNP - ဒီဇင်ဘာ ၅       


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအဖွဲ့တို့ ပူးပေါင်းကာ ဆောင်းသီးနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တံခွန်တိုင်ကျုံဝါးကျေးရွာအုပ်စု၊ ပျဉ်ထောင်စု ကျေးရွာ၌ ပြုလုပ်သည်။


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့် ဝန်ထမ်းများမှ ကွင်းဆင်း၍ တောင်သူဒေါ်အုန်းမြင့်၏ လယ်မြေတွင် မျိုးစေ့ချ စိုက်ပျိုးပေးခဲ့ပြီး  နေကြာစိုက်ဧကပြည့်မှီရေး၊ စိုက်စနစ်မှန်ကန်ရေး၊ သီးနှံအထွက်နူန်း တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်းအား ပျဉ်ထောင်စု အ.မ.ကတွင် ကျင်းပပြုလုပ်ကာ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများက နေကြာ၊ ဆောင်းသီးနှံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ နည်းပညာပေး သင်တန်းသို့  တံခွန်တိုင်ကျုံဝါး‌ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းဒိတ်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု (၃) အုပ်စုမှ နေကြာနှင့် ဆောင်းသီးနှံစိုက်တောင်သူ (၆၅) ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)