Pages

Pages

မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ




MNP - ဒီဇင်ဘာ ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆောင်ရွက်ခြင်းအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂) ရပ်ကွက်၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။


အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူငယ်စကားဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး  Grade-9 မှ မောင်ဘုန်း‌သော်ဇင်ခန့်မှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အ‌ကြောင်း၊ Grade-9 မှ မသော်တာရွှန်းလဲ့အောင်က လူငယ်နှင့်အားကစားအ‌ကြောင်း၊ Grade-9 မှ မောင်ကျော်မင်းထက်က လူငယ်နှင့်ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေး ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာက ယ‌နေ့လူငယ်စကားဝိုင်းမှ အတွေ့အကြုံ ကောင်းများ ရရှိ၍ နောင်တစ်ချိန်တွင် တန်ဘိုးရှိသော လူငယ်ဖြစ်ပေါ်လာစေရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق