စဉ့်ကူးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ






MNP ၊  ဒီဇင်ဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် ၏ ဦးဆောင်မှုဖြင့်  ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မြို့ရွာနေပြည်သူများ စုစုပေါင်းအင်အား (၄၀၀)ဦးခန့်မှ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲအဖြစ် စုပေါင်းလမ်းလျှောက်ကြရာ စဉ့်ကူး-ရွှေဘိုလမ်းဆုံမှ စတင်၍ ကြို့ပင်ကျေးရွာလမ်းဆုံအထိ အသွားအပြန် စုပေါင်းလမ်းလျှောက်ကြပြီး အ.ထ.က(စဉ့်ကူး) အားကစားဝင်းအတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြသပေးသော ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီးနောက် လမ်းလျှောက်လာသူများကို နံနက်စာ ကောက်ညှင်းပေါင်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)