မင်းလှမြို့နယ်၌ ရှမ်းတပ်၊ လက်ပံတံခါး၊ ကန်တုတ်နှင့်ရေနံမ‌ကျေးရွာတို့တွင် မြေပြင်လူဦးရေစာရင်း (၆၆/၆) ရှိ စာရင်းအား မြေပြင်တွင် စာရင်းကောက်ယူရေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ရှမ်းတပ်၊ လက်ပံတံခါး၊ ကန်တုတ်နှင့်ရေနံမ‌ကျေးရွာတို့တွင် မြေပြင်လူဦးရေစာရင်း (၆၆/၆) ရှိ စာရင်းအား မြေပြင်တွင် စာရင်းကောက်ယူရေး သင်တန်းဖွင့်လှစ်

 




MNP - ဒီဇင်ဘာ ၆


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှကြီးမှူးဖွင့်လှစ်သည့် မြေပြင်လူဦးရေစာရင်းနှင့်ပုံစံ(၆၆/၆)ရှိစာရင်းအား မြေပြင်တွင် စာရင်းကောက်ယူရေး သင်တန်းကို ယမန်နေ့နံနက်ပိုင်းက  ရှမ်းတပ်၊ လက်ပံတံခါး၊ ကန်တုတ်ကျေးရွာများရှိ  ဘုန်းကြီးကျောင်းများနှင့် နေ့လယ်ပိုင်းတွင် ရေနံမ‌ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


 သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက မြေပြင်တိုက်ဆိုင်စစ်ဆေးမည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းအား ရှင်းလင်းပြောကြားခဲ့ပြီး မြေပြင်လူဦးရေ စာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် စာရင်းကောက်ယူ‌ရေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာရင်း‌ကောက်ယူမှုနှင့် စာရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းပို့ချပေးခဲ့သည်။


အဆိုပါသင်တန်းသို့   မင်းလှမြို့နယ်အတွင်းရှိ   ရှမ်းတပ်၊ လက်ပံတံခါးနှင့်ရေနံမတိုက်နယ်တို့တွင် တာဝန်ပေးအပ်ထားသည်။  ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ 


သတင်း -ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)