Pages

Pages

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲ နှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပ





MNP ၊ ဒီဇင်ဘာ ၈

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်  ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယနေ့ နေ့လယ် ၁ နာရီက စာအုပ်ပြပွဲ နှင့် စစ်တုရင်ပြိုင်ပွဲကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က စစ်တုရင်ပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းနှင့် လူငယ်များအနေဖြင့် စစ်တုရင်ကစားနည်းကိုစနစ်တကျယှဉ်ပြိုင် ကစားတတ်စေရန် စသည့်တို့ကိုရှင်းလင်းပြောကြားသည်။

လက်ဆက်ပြီး စစ်တုရင်ပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင် လူငယ် ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  ဦးစီးအရာရှိ ဒေါ်တင်တင်စိန် နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။

ထို့ပြင် စာအုပ်စာစောင်များပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق