အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် အသိပညာပေးခြင်း နှင့်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် အသိပညာပေးခြင်း နှင့်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ




MNP - ဒီဇင်ဘာ ၂၈

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရ တုလွတ်လပ်ရေးနေ့အထိမ်း အမှတ် အသိပညာပေးခြင်းနှင့် အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ  

ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံ ပညာအထက်တန်း ကျောင်းနှင့် အခြေခံ ပညာအထက်တန်း ကျောင်း(ခွဲ) များသို့သွားရောက်၍ကျောင်းသားကျောင်း သူများအား အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များအားဖြန့်ဝေ ပေးခဲ့သည်။


အဆိုပါ (၇၅)နှစ် မြောက် စိန်ရတုလွတ် လပ်ရေးနေ့အထိမ်း အမှတ် အသိပညာပေးခြင်းတွင်မြို့နယ်ဦးစီးအရာရှိဦးစန်းဝင်းက လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေးရရရှိစေရန် ဆောင်ရွက်ခဲ့ပုံများအားရှင်းလင်းပြောကြားကာအထိမ်းအမှတ်ထုတ်ဝေထားသောသတင်း စကား လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့သည်။


သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၄-၁-၂၀၂၂ ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အ ခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ် ချက်၊ လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာ၊စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ လွတ် လပ်ရေး၊ (၇၅)နှစ် မြောက် စိန်ရတုလွတ် လပ်ရေးနေ့အမျိုး သားရေးဦးတည်ချက် (၅)ရပ်၊ စည်းလုံးညီ ညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့် ရှောက် စသည့်အ ကြောင်းအရာများပါ ရှိကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)