Pages

Pages

ဘီးလင်းမြို့နယ်၌(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်





MNP ၊ ဒီဇင်ဘာ    ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ၊နံရံကပ်စာစောင် ၊စာအုပ်ပြပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ များကိုယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု နှင့် လွတ်လပ် ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို  အသိပညာပေး ဟောပြောသည်။

ယင်းနောက် မူလတန်းအဆင့်  ပုံပြင်ပြော၊ ကဗျာရွတ်၊  သင်္ချာဉာဏ်စမ်း၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ အာလူးကောက်နှင့်  သားရေကွင်းကောက် ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ပေးခဲ့ရာ  ကျောင်းသား၊ ကျောင်းသူ ၃၄ ဦးတို့က အဖွဲ့များခွဲ၍ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။   

ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသား ၊ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် နံရံကပ် စာစောင်များ၊ သုတစာအုပ်များ ကို ခင်းကျင်း ပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق