ပဒက်ကျေးရွာအုပ်စုပဒက်ကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဒက်ကျေးရွာအုပ်စုပဒက်ကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး




MNP - ဒီဇင်ဘာ ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ပဒက်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံံ့ဖြိုးတိုးတက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူများ အကျယ်တဝင့်သိရှိစေရန်အတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဆွေးနွေးပေးခဲ့ကာ ပြည်သူများမှ တင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားသို့ အင်အား(၁၈၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။


ဆက်လက်ပြီး အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ပဒက်ကျေးရွာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအပေါ် ကြည့်ရှုအာပေးခဲ့ပြီး ပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့သည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)