မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒီဇင်ဘာ လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒီဇင်ဘာ လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

 



MNP - ဒီဇင်ဘာ ၄


တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆) နာရီအချိန်က ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် အားကစား စိတ်ဝင်စားသည့် ပြည်သူများမှ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် မကွေးခရိုင် အားကစားကွင်းအနီးရှိ လမ်းငါသွယ်အဝိုင်းပတ်လမ်းမှ စတင်ပြီး ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ခရိုင်အားကစားကွင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မကွေးခရိုင် အားကစားကွင်းအတွင်း၌ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးခရိုင်အားကစားကွင်းတွင် ဗလာမပါ ကံစမ်းမဲများအား တပျော်တပါး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ကြသည့် ဌာနဆိုင်ရာများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် ပြည်သူများမှ မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေးပန်းခြံဝန်း အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)