စမ်းချောင်းမြို့နယ်တွင် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ



MNP - ဒီဇင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ရှမ်းကျောင်းကြီးဓမ္မာရုံ အတွင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဓိမဂ် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။  


ထိုသို့ကျင်းပရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ  သီလရှင်နှင့်လူပုဂ္ဂိုလ်များထဲမှ ဒုတိယအဆင့်(ရိုးရိုး) ဖြေဆိုသူ သီလရှင်(၂၉)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦး စုစုပေါင်း(၃၄)ဦးနှင့် ဒုတိယ အဆင့်(ဂုဏ်ထူး‌) ဖြေဆိုသူ သီလရှင်(၆)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး  စုစုပေါင်း (၇)ဦး ဝင်ရောက်ဖြေဆိုပြီး စာမေးပွဲကြီးကြပ်သံဃာတော်များ စာဖြေသီလရှင်နှင့် လူပုဂ္ဂိုလ်(၄၁)ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေသန့်နှင့်အချိုရည်များ ဆက်ကပ် ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - နီလာစိုး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)