မြိတ်မြို့နယ်ရှိ ဆောင်းသီးနှံနှင့် နွေစပါးစိုက်တောင်သူ (၁၃၆) ဦးအား ယူရီးယားဓာတ်မြေဩဇာ (၃၄၀) အိတ်ကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့နယ်ရှိ ဆောင်းသီးနှံနှင့် နွေစပါးစိုက်တောင်သူ (၁၃၆) ဦးအား ယူရီးယားဓာတ်မြေဩဇာ (၃၄၀) အိတ်ကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး




MNP - ဒီဇင်ဘာ  ၂


တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံနှင့် နွေစပါးစိုက်တောင်သူ (၁၃၆) ဦးအား မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာ စုစုပေါင်း (၃၄၀) အိတ်ကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးတွင် သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ဖြန့်ဖြူးရောင်းချပေးခဲ့သည်။


သီးနှံစိုက်ပျိုး တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေအတွက်လိုအပ်သော ယူရီးယားမြေဩဇာများကို ဈေးသက်သာသောနှုန်းထားဖြင့် အချိန်ကိုက်၊ အချိုးကျထည့်သွင်းနိုင်ခြင်းဖြင့် အထွက်နှုန်းတိုးမြင့်ကာ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်ပြီး ဖြန့်ဖြူးရောင်းချ ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေနဲ့ မြေဩဇာပေါက်ဈေးအရ တစ်တန်လျှင် ကျပ် (၁၂) သိန်း ဝန်းကျင်ခန့် သက်သာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်းက အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူးနှင့် မြို့နယ်ဓာတ်မြေဩဇာဝယ်ဖြန့်ဖြူးရေး ကော်မတီဝင်များက မြိတ်မြို့နယ်မှ တောင်သူ (၁၃၆) ဦးအား ဓာတ်မြေဩဇာ (၃၄၀) အိတ်ကို  တစ်ဦးချင်း ဖြန့်ဖြူးရောင်းချပေးအပ်ခဲ့ကြသည်။


လက်ရှိအချိန်တွင် ဓါတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်နေသော အခက်အခဲများကို တောင်သူများတွေ့ကြုံ ခံစားနေကြပြီး ဒေသတွင်းရှိစိုက်ပျိုးရေးတောင်သူများ ဈေးသင့်သော နှုန်းထားဖြင့် ဝယ်ယူနိုင်မည်ဖြစ်၍ မြေဩဇာဈေးနှုန်း ကြီးမြင့်မှုကြောင့် သွင်းအားစုများ ထည့်သွင်းရန် ကြုံတွေ့နေရသော အခက်အခဲများ အထောက်အကူဖြစ်၍ စိုက်ပျိုးသီးနှံများ အတွက် လိုအပ်သော ယူရီးယားမြေဩဇာများကို ဈေးသက်သာသောနှုန်းထားဖြင့် အချိန်ကိုက်၊ အချိုးကျ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)